DDemon logoDDemon

Chapter 2

Chapter 2

“တီ တီ”
“ဟ တိုက်ပဟေ့”

“ဟဲ့ဟဲ့ ကောင်လေး ရှောင်”

အဲ့နေ့က ကျောင်းကို အေးအေးဆေးဆေး ဆိုင်ကယ်လေးမောင်းရင်း သွားနေတဲ့ ကျွန်တော့ဘဝထဲကို ပြဿနာက ဆံပင်လေးစည်း၊ ဆံမြိတ်လေး ရှေ့ချပြီး၊ ဘောင်းဘီတိုလေးဝတ်  Honda Fit အနီရောင်လေးရဲ့ စီယာတိုင်ကို ကိုင်ရင်း ဝရုန်းသုန်းကား ဝင်ချလာခဲ့လေတယ်။

ကျွန်တော့်ဆိုင်ကယ် နောက်မြီးကို ဝင်တိုက်မိတဲ့ ကားက မရပ်သွားသေးဘဲ လမ်းဘေးက အုတ်တံတိုင်းကိုပါ တိုက်ပြီး မြောင်းထဲ ရှေ့ဘီးတစ်ခြမ်း ကျသွားမှ ရပ်သွားတယ်။

ကျွန်တော်လဲ လူတခြား ဆိုင်ကယ်တခြားဖြစ်သွားပြီး ပါလာတဲ့ ကျောပိုးအိတ်က ကျွတ်ကျ၊ ဆိုင်ကယ်ခြင်းထဲ ထည့်ထားတဲ့ ထမင်းချိုင့်လဲ တစ်ဆင့်ဆီ အကုန်ပြုတ်သွား၊ လူလဲ တော်တော်နာသွားပြီး ကတ္တရာလမ်းပေါ်မှာ မှောက်လျက်ကြီး ဖြစ်သွားရော။

တော်သေး ပုဆိုးမကျွတ်သွားလို့ ရှိစုမဲ့စု အရှက်ကလေးပါ မကွဲတယ်။

ရုတ်တရက် မထနိုင်သေးဘဲ မှောက်လျက်ဖြစ်နေတဲ့ ကျနော့်ကို အနားက လမ်းဘေးမှာ ဈေးရောင်းနေတဲ့ အဒေါ်ကြီးက ပြေးထူပေးတယ်၊ မြောင်းထဲ ခေါင်းစိုက်နေတဲ့ ကားရှေ့ခန်းနားကိုတော့ သူ့ယောက်ျား ဦးလေးကြီးက ပြေးသွားတာ တွေ့လိုက်တယ်။

“ကလေးမ ဘာဖြစ်သွားသေးလဲ”

ကိုယ့်ဝေဒနာနဲ့ကိုယ် တစ်ကိုယ်လုံး နာကျင်နေတဲ့ကြားထဲက “ကလေးမ” ဆိုတဲ့ အသံကြောင့် ကျွန်တော် ခေါင်းထောင်သွားတယ်

“ငါ့ကို တိုက်တာ မိန်းကလေးဟ၊ ခွေးမလေး ဘယ်လိုမောင်းလဲမသိဘူး၊ ငါနဲ့တွေ့မယ်”

စိတ်ထဲက ကျိန်းဝါးပြီး လူးလဲထထိုင်၊ ရန်တွေ့ဖို့ ပြင်နေတဲ့ ကျွန်တော့ပါးစပ်ဟာ ကားပေါ်က တုန်တုန်ရီရီလေး ဆင်းလာတဲ့ ကောင်မလေး ကြောင့် ရန်မတွေ့နိုင်တော့ဘဲ အဟောင်းသား ဖြစ်သွားရတယ်။

လှလိုက်တဲ့ ကောင်မလေးဗျာ

အသက်က ကျွန်တော့လောက်ပဲရှိဦးမယ်၊ မျက်နှာလေးက ကြည်လင်သန့်ရှင်းပြီး မျက်လုံးဝိုင်းဝိုင်း နှာတံလုံးလုံးလေးကိုမှ သွားတက်ကလေးနဲ့၊ ကားတိုက်မိလို့ ကြောက်နေတဲ့ ပုံစံလေးကိုက ချောလဲချော ချစ်ဖို့လဲ ကောင်းတဲ့ နှစ်ဘက်လှလေး။ 

မျက်နှာလေးတင်ပဲလားဆို ခန္ဓာကိုယ်လေးကလဲ မပိန်မဝ၊ အသားအရည်ကလဲ ဝင်းလက်ပြီး ဖြူဖွေးနေရော၊ ပေါင်လည်လောက်ပဲ ရှိတဲ့ ဘောင်းဘီတိုလေး ဝတ်ထားတဲ့ ပေါင်တန်လေး ၂ ချောင်းက ဖြူဖွေးပြီး ဆင်နှမောင်းလေးလို သွယ်ဆင်းသွားတဲ့ ခန္ဓာကိုယ်လေး။ ဒီကောင်မလေးမှာ အထူးခြားဆုံးက သာမန်ထက် နည်းနည်းလေး ပိုထွားတဲ့ ရင်သားတွေ ရှိတာရယ်၊ တင်ပါးလုံးလုံးလေးကလဲ ဘောင်းဘီလေး ဝတ်ထားတာတောင် သိသိသာသာ ထွားနေတာရယ်။

ဂစ်တာရှိတ်လောက် မဟုတ်ပေမယ့် တယောရှိတ်လောက်တော့ ပြောလို့ရမယ်ထင်တယ်။

ကျွန်တော့မှာ တစ်ကိုယ်လုံးနာနေတာတောင် မေ့သွားပြီး ပါးစပ်အဟောင်းသားနဲ့ ကောင်မလေးကို ဘယ်လောက်ကြာကြာ ကြည့်နေမိတယ်မသိ၊ ဘေးက အန်တီကြီးက “ဟဲ့ကောင်လေး မေးနေတာ ဖြေလိုက်ဦးလေ” လို့ ပြောမှ သတိပြန်ဝင်လာတယ်။

“ဘာမေးတာလဲငင်”

စကားတွေတောင် မပီတော့ဘူး။ ကောင်မလေးက ထိုင်နေတဲ့ ကျွန်တော့ကို ငုံကြည့်ပြီး ဆံပင်လေး သပ်တင်ပြီး ထပ်မေးတယ်။

“ဘယ်နားထိသွားသေးလဲ ဆုဝေတောင်းပန်ပါတယ် ချိုင့်ကိုရှောင်ရင်း အရှိန်လွန်သွားလို့ပါ”

ငုံလိုက်တော့ ဟသွားတဲ့ တီရှပ်လေးရဲ့ လည်ပင်းပေါက်ကနေ သူဝတ်ထားတဲ့ ဘော်လီအနက်ရောင်လေးနဲ့ ရင်သား ၂ မွှာကြားက အဟလေးကို ဖြတ်ကနဲ မြင်လိုက်ရတော့ စိတ်ထဲ ရွစိရွစိတောင် ဖြစ်သွားတယ်။

“နာမည်က ဆုဝေတဲ့လား”

မေးနေတာကို မဖြေဘဲ ကျွန်တော်ပြန်မေးလိုက်မိတယ်။ ပြီးမှ ဟင် မဟုတ်သေးပါဘူး ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်စစ်ဆေးရတယ်။

မြင်ရသလောက်တော့ ဒူးနဲ့ တံတောင်ဆစ် ပြဲသွားပြီး သွေးတွေ တစ်စက်စက် ကျနေတယ်။ ဝတ်ထားတဲ့ ရှပ်အင်္ကျီနဲ့ ပုဆိုးမှာ သွေးတွေနဲ့ နီရဲနေပြီ။ အဲဒါထက် ပိုအရေးကြီးတာက ဘယ်ဘက်လက်က အထိမခံနိုင်အောင် နာနေတာပဲ။

“ဘယ်လက်နဲ့ ထောက်မိသွားတယ်ထင်တယ်၊ ကျိုးသွားလားမသိဘူး”

သွေးနည်းနည်းအေးသွားလို့ထင်တယ်၊ ကျွန်တော့ဘယ်လက်က ပိုနာလာတယ်။ မျက်နှာကိုရှုံံ့မဲပြီး ပြောလိုက်မိတယ်။

“အဲဆို ဆုဝေတို့ ဆေးရုံသွားမှဖြစ်မယ်၊ ခဏနော် အိမ်ကို ဖုန်းခေါ်လိုက်ဦးမယ်”

ပြောပြောဆိုဆို ကောင်မလေးက ကားခေါင်းခန်းထဲကို ကိုယ်တစ်ခြမ်းဝင်ပြီး ဟမ်းဖုန်းကို လှမ်းယူလိုက်တယ်။

“ငတိမက ဖုန်းနဲ့ဟ”

အဲ့ဒီခေတ်က အခုခေတ်လို လူတိုင်းဖုန်းမကိုင်နိုင်သေး၊ အစိုးရက ၁၅ သိန်းနဲ့ ချပေးတဲ့ ဖုန်းတွေကို သိန်း ၂၀ ကျော် ၃၀ ထိ ပေးဝယ်ပြီးကိုင်ရတဲ့ အချိန်မို့ ပိုက်ဆံတတ်နိုင်သူများသာ ဖုန်းနဲ့ စတိုင်ထုတ်နိုင်တဲ့ ကာလ။

“ဒီကောင်မလေး ဖုန်းနဲ့ ကားကိုယ်တိုင်မောင်းတယ်ဆိုတော့ အိမ်က တော်တော်ချမ်းသာတာပဲ”

တွေးနေရင်းနဲ့ ကားရှေ့ခန်းမှာ ဖုန်းလှမ်းယူနေတဲ့ ကောင်မလေးရဲ့ ကုန်းထားတဲ့ အနောက်ပိုင်းအလှ တင်ပါး လုံးလုံးလေးကို မြင်ဖြစ်အောင် မြင်ပြီး တံတွေးတောင် မျိုချမိသွားတယ်။

“ဟင်းဟင်း နေဦး လင်းထက် ခဏနေဦး”

ကိုယ့်နာမည် ကိုယ်ခေါ်ပြီး စိတ်ထဲက သတိပေးရတယ်၊ ဝတ်ထားတာကလဲ ပုဆိုးကြီးနဲ့။

ကောင်မလေးကတော့ ဘာမှမသိ၊ သူ့အိမ်ကို ဖုန်းဆက်ပြီး အိမ်က လူကြီးတွေကို ခေါ်နေတာ ကြားတယ်။ ကျွန်တော်လဲ ထူပေးတဲ့ အန်တီကြီးရဲ့ ဈေးရောင်းတဲ့ ထိုင်ခုံလေးမှာ ထိုင်စောင့်နေရတယ်။ ခဏနေတော့ နောက်ထပ် ကားအနက်ကြီး တစ်စီးနဲ့ လူကြီး ၃ ယောက် ရောက်လာပြီး ကျွန်တော့ကို ဆေးရုံပို့ဖို့ နဲ့ ကောင်မလေး တိုက်ထားတဲ့ကားကို ဆွဲတင်ဖို့တွေ လုပ်ကြတယ်။

ကောင်မလေးရဲ့ အဖေနဲ့တူတဲ့ ဦးလေးကြီးကတော့ သူ့သမီးကို ဘာမှမဖြစ်ကြောင်း စိတ်အေးအေးထားဖို့ လိုကြောင်းတွေ ပြောနေတာ ကြားလိုက်တယ်။ သူ့သမီးကိုတော်တော်တော့ ချစ်ပုံရတယ်၊ ဆူတာ ဆဲတာ တစ်ခုမှ မရှိဘူး။ သူကတောင် ပြန်နှစ်သိမ့်နေသေး။

ဒီလိုနဲ့ပဲ ကျွန်တော်လဲ ဆေးရုံရောက်၊ ဘယ်ဘက်လက်က ကျိုးသွားလို့ ကျောက်ပတ်တီး ကိုင်ရမယ်ဆိုတော့ ကိုင်ပေါ့၊ ကျွန်တော့အဖေနဲ့ အမေတွေလဲ သတင်းကြားတော့ စိတ်ပူပြီး ရောက်လာတာနဲ့ ဆေးရုံမှာ ကောင်မလေးရဲ့ အဖေနဲ့ တွေ့ကြတယ်။ သူ့အဖေကရော သူကရော ကျွန်တော့အဖေနဲ့ အမေကို တောင်းပန်ကြ၊ အကုန်တာဝန်ယူပါတယ် ပြောကြနဲ့။

ကျွန်တော်ကတော့ စိတ်ထဲကနေ “တစ်ဘဝလုံးပါ တာဝန်ယူလိုက်ပါလားဗျာ၊ ခမည်းခမက်ချင်းလဲ တွေ့နေကြပြီပဲ” ဆိုပြီး ကားတိုက်ခံထားရတဲ့ကြားက ဆေးရုံကုတင်ပေါ်မှာ အူမြူးနေလိုက်သေးတယ်။

ဒီလိုနဲ့ပဲ ခင်ဗျားတို့အားလုံး မျှော်လင်ထားတဲ့အတိုင်း ကျွန်တော်တို့ ဇာတ်လမ်း စဖြစ်ခဲ့ကြတာပါပဲ။

ကျောက်ပတ်တီးလေးနဲ့ဆိုတော့ ကဗျာတော့ အရမ်းမဆန်ဘူးပေါ့။