Chapter 9

ဘုရားပေါ်က ပြဿနာ

ဘုရားရင်ပြင်တော်ပေါ်ကို လမ်းလျှောက်တက်ဖို့ လှေကားထစ်ကို စတက်တော့ ဆုဝေတို့ ၂ ယောက်က အရှေ့မှာ ကျွန်တော်က အနောက်မှာ။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကိုယ်ကလဲ အကြံနဲ့လေ။ အနောက်ကနေ အသာလေး ရို့လိုက်ပြီး နေရာယူပြီး အပေါ်ကို အတက် မော့အကြည့်လိုက်မှာပဲ အားပါးပါး ငါမှန်တယ် ဆိုတဲ့အတွေး ချက်ချင်းဝင်လာတော့တာပဲ။

မျက်လုံးထဲ မြင်ယောင်ကြည့်ကြဗျာ။

၃၇ ၃၈ လောက်ရှိတဲ့ တင်ပါး လှလှ ၂ စုံကိုမှ အနီရောင်ထဘီအောက်ကနေ လှေကားတစ်ထစ်တက်လိုက်တိုင်း တုန်တုန် သွားတဲ့ ဖင်တုန်း ၂ တုန်းရယ်၊ အတွင်းခံ နဲ့ဝတ်ထားလို့ ထဘီလေးတွေပေါ်မှာ ပေါ်နေတဲ့ အတွင်းခံအရာလေးတွေရယ်၊ အတွင်းခံအရာအတိုင်း မျက်လုံးထဲ ပုံဖော်လိုက်လို့ ပေါ်လာတဲ့ ဖင်တုန်းတွေရယ်၊ ခါးသေးသေးလေးတွေပေါ်က ဖြူဖွေးနေတဲ့ အသားဆိုင်တွေရယ်ကို အနောက်ကနေ အနီးကပ် ကြည့်နေရတဲ့ ကျွန်တော့်အနေအထား။

ဘုရားပေါ်တက်နေတာမို့ ထကြွချင်လာတဲ့ အငယ်ကောင်ကို မနည်းချိုးနှိမ်ပြီး ကိုယ်ကို ရို့ပြီး လျှောက်နေရတာ ဗိုက်တောင် နည်းနည်းအောင့်ချင်လာတယ်။

တက်လာရင်းနဲ့ လှေကားအလည်လောက် ရောက်တော့ ဆုဝေက ဘေဘေးကို တစ်ခုခု ပြောရင်း ကျွန်တော့်ဘက်ကို အနောက်လှည့်ပြီး “နော် ကိုကို” လို့ ပြောလိုက်တဲ့အချိန် ကျွန်တော်ကလဲ သူတို့ဖင်တွေကို ငမ်းနေတာကို တွေ့သွားပါရော။ ဘာမှတော့မပြောဘူး ခပ်တည်တည်နဲ့ ဟိုဘက်ပြန်လှည့်သွားတယ်။

“သွားပြီ ငါတော့ကွိုင်ပြီထင်တယ်” လို့တွေးလိုက်ပေမယ့် ဘာမှတော့ ထပ်မပြောတော့ဘူး။ ဘုရားပေါ်ရောက်တော့လဲ အေးဆေးပဲ၊ ဘေဘေးနဲ့ ပြောလိုက် ကျွန်တော့်နားကပ်လိုက်၊ ကျွန်တော့်လက်မောင်းကို ကိုင်ပြီး လျှောက်လိုက်နဲ့ ပုံမှန်အတိုင်းပဲ ဆိုတော့မှ ကျွန်တော် စိတ်ထဲ အေးသွားရတယ်။

ဘုရားကို တစ်ပတ်ပတ်ပြီး ဆုဝေရဲ့ မွေးနေ့ စနေထောင့်မှာ ထိုင်ပြီး ဘုရားကို ဦးချကြတယ်။ ဘုရားရှိခိုးတော့လဲ ကျွန်တော်က ထုံးစံအတိုင်း အနောက်နား ကျကျမှာ ထိုင်မိတော့ ကုန်းပြီး ဦးချနေတဲ့ ဖင် ၂ တုန်းကို မမြင်ချင်လဲ မြင်နေရပြန်တော့ ဒုက္ခရောက်ရပြန်ရော။

“ငါ့နှယ်နော် ဘုရားပေါ်ကလဲ မြန်မြန်ဆင်းမှ ဖြစ်တော့မယ်” တင်ပလ္လင်ခွေ ထိုင်ပြီး လက်ထဲက ကိတ်မုန့်ဘူး ကို ပေါင်ပေါ်တင်ပြီး အငယ်ကောင်ကို မနည်းဖိနှိပ်ထားရတယ်။ တော်သေးတယ် ဆုဝေက မွေးနေ့ဆိုတော့ ဘုရားအကြာကြီးရှိခိုး ဆုတွေဘာတွေတောင်း ပုတီးစိတ်တဲ့အပြင် စာအုပ်သေးသေးလေးနဲ့ပါ ဘုရားစာတွေ ရွတ်နေသေးတော့ ခဏနေတော့ အငယ်ကောင်က ပြန်ကျသွားလို့။

ဒါနဲ့ပဲ ဘေးမှာ တစ်ယောက်တည်း ပျင်းပျင်းရိရိ ထိုင်စောင့်နေတဲ့ ဘေဘေးကို စကားစ ရတယ်။ သူလဲ ပျင်းမှာပေါ့ အခုခေတ်လို ဖုန်းပွတ်စရာလဲ ရှိမှ မရှိဘဲ။

“ဘယ်လိုလဲ ဘေဘေး ပျင်းနေပြီလား”

“ရပါတယ် ကိုလင်းထက်ရဲ့၊ မွေးနေ့ပဲဟာ”

“ကျွန်တော်တို့နဲ့ လိုက်ပြီး third-wheel လုပ်ပေးတာလဲ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော်က အားနာနေတာ”

“ရပါတယ်ရှင် ဘေးကလဲ ကောင်လေးမရှိတော့ အခုလိုပဲ ပါရမီဖြည့်ပေးရတာပေါ့၊ ရည်းစားရလို ရငြားပေါ့ ဟဟ”

စကားပြောကြည့်လိုက်တော့မှ ဘေဘေးက ခင်ဖို့ကောင်းမှန်း သိလာရတယ်။ အနီးကပ်ကြည့်မှ တော်တော်လေးလဲ ချောတာ ပိုသိလာတယ်။ မျက်နှာပေါက်က တရုတ်မဆိုတော့ မျက်လုံးမှေးမှေး မျက်ရစ်မရှိ၊ ရယ်လိုက်ရင် မျက်လုံးတွေ ပျောက်သွားပေမယ့် ပါးချိုင့်လေးရယ်၊ ဖြူဖွေးနေတဲ့အသားအရည်ရယ်၊ ဆုဝေထက် နည်းနည်းပိုထွားတဲ့ ရင်သား နဲ့ တင်ပါးတွေရယ် အားလုံးချုံလိုက်တော့လဲ အားနည်းချက်လေးတွေက မဆိုစလောက် ဖြစ်သွားတာပေါ့။

“အမယ် ဘေဘေး ရည်းစားမရတာက မလိုချင်လို့မဟုတ်ဘူးလား၊ ဒီလောက်ချောတာ လာကြိုက်တဲ့သူလဲ အများကြီးရှိမှာပေါ့၊ အရွေးလွန်နေတာမလား”

“အားး မြှောက်ပြီကိုလင်းထက်ရေ၊ ဒီနေ့ကတော့ ဘေးမကျွေးဘူးနော်၊ ဆုဝေမွေးနေ့မို့ သူပဲကျွေးမှာ ဟဟ”

“ဟားဟား မြှောက်တာမဟုတ်ပါဘူးဗျာ၊ ကျွန်တော်က ဘေဘေးရည်းစားမရှိဘူးဆိုတော့ အံ့သြလို့ပါ”

“ဟုတ်ပါပြီရှင် အရွေးလွန်နေတာပဲလား၊ ယောက်ျားတွေကို စိတ်မဝင်စားတာပဲလား မသိတော့ပါဘူး”

ဘေဘေးပြောလိုက်မှ ဆုဝေ နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စ ခေါင်းထဲပြန်သတိရလာမိတယ်။​ ဒါဆို ဘေဘေးက Les လားမသိဘူးနော်။ မေးဖို့တော့ မကောင်းတာနဲ့ ကျွန်တော်လဲ မမေးဖြစ်လိုက်ပါဘူး။ နောက်မှပဲ ဆုဝေကို မေးကြည့်မယ်လို့တော့ တေးထားလိုက်တယ်။

ဆုဝေဘုရားရှိခိုးပြီးတော့ ဘုရားကို ၅ ပတ်ပတ်ပြီး အာရုံပြုကြတယ်၊ ပြီးတော့မှ ဘုရားပေါ်ကဆင်းပြီး ဆုဝေက ဆိုင်တစ်ခုမှာ ကျွေးမယ်တဲ့။ ဘုရားကို ပတ်တော့လဲ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့၊ ကောင်မလေး ၂ ယောက်လုံးက ချောတဲ့အပြင်ကို ဆင်တူဝတ်ထားပြီးတော့ ကျွန်တော်ကလဲ ကုတ်ချောင်းချောင်းနဲ့ ဘေးကလိုက်နေတဲ့အပြင် ကျွန်တော့ပုဆိုးကလဲ အရောင်နည်းနည်းဆင်နေတော့ မသိရင် ၃ ယောက်တွဲကြီးလိုပဲ၊ ဒီနေ့ခေတ်အခေါ်ဆို Throuple ပေါ့လေ။

ဒါနဲ့ပဲ ဘုရားပေါ်ကဆင်းပြီး ဘုရားနားက ဆိုင်ကောင်းကောင်းတစ်ဆိုင်မှာ ထိုင်ကြတယ်။ ဆိုင်က လူရှင်းတော့ ဒီတစ်ခါတော့ ဆုဝေက ကျွန်တော့နားမှာ လာထိုင်တယ်၊ သူနဲ့ မျက်နှာချင်းဆိုင်မှာတော့ ဘေဘေးက ထိုင်တယ်။ စားစရာတွေ မှာကြပြီးတော့ ကျွန်တော်က ဝယ်လာတဲ့ ကိတ်မုန့်လေးကို ဖယောင်းတိုင်လေးတွေစိုက် ဆိုင်ကမီးခြစ်နဲ့ မီးညှိပြီး Birthday Song လေး ဆိုကြတယ်။ ပျော်စရာ အခိုက်အတန့်လေးတွေ ပါပဲ။ ပြီးတော့ ကျွန်တော်က ဆုဝေအတွက် ဝယ်ထားတဲ့ လက်ဆောင်လေးကို ထုတ်ပြီး ပေးဖြစ်တယ်။

Silver 925 လက်စွပ်လေးပါ။ တန်ဖိုးအရမ်းမရှိပေမယ့် ကျောင်းသားဘဝ စုထားတဲ့ငွေလေးနဲ့ ဝယ်ထားတာမို့ ကျွန်တော့်အတွက်များတယ်လို့ ပြောလို့ရပါတယ်။ ဆုဝေလဲ လက်ဆောင်လေးကို မြင်တော့ အရမ်းသဘောကျပြီး လက်မှာချက်ချင်းစွပ်လိုက်တယ်၊ လက်စွပ်လေးကလဲ အတော်ပဲ ကွက်တိဖြစ်နေတော့ ပိုအဆင်ပြေသွားတယ်။ ဆုဝေပျော်ပြီး ဆိုင်ထဲမှာ ကျွန်တော့်ပါးကို မွမွပေးတော့ နည်းနည်းတောင် ရှက်သွားတယ်၊ ဘေဘေးရှေ့လဲ ဖြစ်နေတော့။ ဘေဘေးကတော့ အေးဆေးပါပဲ၊ သူလဲ ပျော်နေပုံရတယ်။

စားစရာတွေရောက်လာပြီး စားကြသောက်ကြ စကြနောက်ကြနဲ့ တကယ်ကို ပျော်စရာကြီးပဲ၊ ကျွန်တော်နဲ့ ဘေဘေးလဲ ဆုဝေကို ဗဟိုပြုပြီး တော်တော်လေး ခင်သွားကြတယ်။ အားလုံး စားသောက်ပြီး ဗိုက်ဝကြတော့ ဆုဝေက စကားစတယ်။

“ကဲ ဒီနေ့ ဆုဝေမွေးနေ့ကို လာပေးတဲ့ ချစ်ရတဲ့ ကိုကို့ကိုရော လိုက်ကူညီပေးတဲ့ ချစ်ရတဲ့သူငယ်ချင်း ဘေဘေးကိုရော ကျေးဇူးအများကြီးတင်တယ်၊ ကျေးဇူးတင်တဲ့ အထိမ်းအမှတ်နဲ့ ၂ ယောက်လုံးကို ဆုဝေဒီနေ့ နောက်ထပ် treat ထပ်လုပ်ပေးစရာ ရှိသေးတယ်၊ ဘာလဲသိကြလား”

ကျွန်တော်နဲ့ ဘေဘေး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိတယ်၊ ဘေဘေးမျက်နှာ အမူအယာအရ သူလဲ ဒီကိစ္စကို မသိထားဘူး၊ ဆုဝေကျိတ်စီစဉ်ထားတာ ဖြစ်ရမယ်။ ကျွန်တော်လဲ မသိ ဘေဘေးလဲ မသိတော့ ၂ ယောက်လုံး ခေါင်းတွေ ခါလိုက်ကြတာပေါ့။

ဆုဝေက နှုတ်ခမ်းကိုက်ပြီး ခဏစဉ်းစားတယ်၊ ပြောသင့်မပြောသင့်ချိန်နေတဲ့ ပုံစံ၊ ပြီးတော့မှ ဆုံးဖြတ်ချက် ချလိုက်တဲ့ပုံနဲ့ ကျွန်တော့်ဘက်ကို ဆတ်ကနဲ လှည့်ပြီး ပြောလိုက်တယ်။

“ကိုကို စောစောက ဘေဘေးဖင်ကို ကြည့်နေတာမလား”

ဟာ…..