Chapter 21
ယမင်းမေ နဲ့ စကားလက်ဆုံ
“မဖြစ်နိုင်တာတွေ၊ ကောင်မလေးတစ်ယောက်က အဲ့လောက်ကြမ်းပါ့မလား၊ ရှင့်ဟာက စိတ်ကူးယဉ်တာနေမှာပါ”
“ဟင် Shit”
မျက်နှာချင်းဆိုင်က ယမင်းမေရဲ့ အသံကြောင့် ကျွန်တော် ရုတ်တရက် အသိဝင်သွားတယ်၊ ဟာ ငါဘာတွေ ပြောလိုက်တာလဲဆိုပြီး လန့်ဖျန့်သွားတာပါ၊
လှည်းတန်းဟာ လူပိုရှုပ်လာတယ်၊ ညနေစောင်းလေလေ ဦးထွန်းလင်းခြံလမ်းထဲမှာ ကိစ္စကိုယ်စီနဲ့ သွားလာနေကြတဲ့ လူကြီးလူငယ်တွေ ပိုများလာလေပါပဲ။ လူငယ်တွေက အများစုပါ။ ဆိုင်လေးတွေက ဟိုတစ်စ ဒီတစ်စ မီးလေးတွေ ဖွင့်လာကြတယ်၊ သင်တန်းဆင်းလာတဲ့ ကောင်မလေးတွေ ရယ်ရယ်မောမော ဖြတ်သွားကြတယ်၊ လက်ဖက်ရည်ဆိုင်ထဲက ဖွင့်ထားတဲ့ သီချင်းတစ်ပိုင်းတစ်စကလဲ လေထဲမှာ ပျံ့လွင့်လို့။
ကျွန်တော်တို့ ဝိုင်းမှာလဲ သောက်ထားတဲ့ ကော့တေးနဲ့ Skewdriver ခွက်တွေ တော်တော်များနေပါပြီ။ ကျွန်တော်လဲ တော်တော်မူး၊ ယမင်းမေလဲ မျက်လုံးတွေ စင်း၊ မျက်နှာက Blush တွေဖြစ်ပြီး နီနေပါပြီ။ သောက်လက်စ ခွက်ကို လက်ကကိုင်ပြီး ကျွန်တော့်ကို ထပ်မေးနေတဲ့ သူ့အသံက နည်းနည်းတောင် လေးချင်ချင် ဖြစ်နေပြီ။
“ဟုတယ်မလား ချင် ဒါ စိတ်ကူးယဉ်နာ”
ကျွန်တော်လဲ မူးမူးနဲ့ တစ်တစ်ခွခွ အကုန်ပြောပြလိုက်မိတာပါ။ ယမင်းမေခမျာ နားထောင်ရင်း ဘယ်လိုတောင် ဖြစ်နေလဲမသိ၊ ကျွန်တော်လဲ သူ့ကို ပြန်ပြောရင်း အငယ်ကောင်တောင် တောင်နေမိတဲ့အထိဘဲ။ လှည်းတန်းက Ko San ကြီးမှာ လီးတောင်တောင်ကြီးနဲ့ ကောင်မလေးတစ်ယောက်ကို ရည်းစားဟောင်းနဲ့ Threesome တဲ့အကြောင်း တစ်တစ်ခွခွ ပြောမိလိမ့်မယ်လို့ ဘဝမှာ တစ်ခါမှ မထင်ထားခဲ့ဘူး။
“အကုန် အမှန်တွေပါဗျာ၊ ခင်ဗျားကို လိမ်လို့ရော ကျွန်တော်က ဘာရမှာလဲ”
“အမှန်ဆိုလဲ ချင် နည်းနည်းတော့ ပြင်ထားတယ်၊ အဲ့လောက်ကြီးထန်တဲ့ မိန်းကလေး ရှိပါ့မလား”
“မယုံလဲ မတတ်နိုင်ဘူးဗျာ၊ ထပ်မပြောပြရုံပဲရှိတယ်”
အဲလိုကျတော့လဲ မဟုတ်ဘူးဗျာ။ ယမင်းမေက ထိုင်ခုံကို မပြီး ကျွန်တော့်ဘက်ကိုတောင် ပိုတိုးလာပြီး ပြောတယ်။
“ဟဲဟဲ အဲလိုမဟုတ်ပါဘူး၊ ထပ်သိချင်သေးတယ်၊ ပြောပြဦး”
“ပြီးရင် ခင်ဗျားက ယုံတာလဲမဟုတ်ဘဲ”
“ယုံပါတယ်ရှင် ရှင်ကလဲ ဈေးကိုင်နေပြန်ပြီ၊ ပြောပြပါ၊ ရှင်လဲ ပြန်ပြောရင်း ဖီးတက်နေတာမလား”
“ကျုပ်ကိုပြောတာဟုတ်ပါပြီ၊ ခင်ဗျားကရော အဲဒါတွေ နားထောင်တာ ဘယ်လိုမှ မနေဘူးလား”
မေးလိုက်တော့ ယမင်းမေက ပြုံးပြီး ကျွန်တော့မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီးဖြေတယ်
“ကျွန်မလဲ အောက်ပိုင်းတစ်ခုလုံး ရွှဲနေပြီရှင်” တဲ့။
“ဒါဆို ကျွန်တော်ကချည်းပဲ မမေးချင်ဘူးဗျာ ခင်ဗျားကိုလဲပြန်မေးမယ်”
ကျွန်တော်စကားစလိုက်တော့ ယမင်းမေက ပြန်ပြောတယ်။
“မေးလေ ဖြေလို့ရရင် ဖြေမှာပေါ့”
“ခင်ဗျားရော ဘာအတွေ့အကြုံတွေရှိဖူးလဲ”
ကျွန်တော်မေးလိုက်တော့ ယမင်းမေလဲ သက်ပြင်းတစ်ချက်ချ၊ မျက်နှာလွှဲပြီး အဝေးကို ငေးကြည့်ပြီးတော့ တိုးတိုးလေးဖြေတယ်။
“တကယ်တော့ ကျွန်မလဲ စိတ်တွေ ညစ်နေတာရှင်၊ ဒီရက်ပိုင်း မထင်ထားတာတွေ ဖြစ်လာလို့”
“ကျွန်တော့်ကို ပြောပြလို့ရမလား”
“အင်း ပြောပြရင် ကျွန်မကို ရှင်တစ်မျိုးထင်မှာစိုးတယ်”
“အော် အခုပဲ ကျွန်တော်တောင် တစ်ခါမှမမြင်ဖူးတဲ့ ခင်ဗျားကို အကုန်ပြောပြနေတာပဲ၊ ပြောပြလို့ရပါတယ်”
ယမင်းမေက နောက်ထပ် သက်ပြင်းတစ်ချက် ခပ်ကြာကြာချရင်း စဉ်းစားနေတယ်၊ ပြီးတော့မှ ဖြည်းဖြည်းချင်း စပြောလာတယ်
“ပြီးခဲ့တဲ့ တစ်ပတ်လောက်အတွင်း ကျွန်မဘဝက လုံးဝ ပြောင်းလဲသွားခဲ့တယ်”