DDemon logoDDemon

Chapter 3

Chapter 3

“ဆုဝေရဲ့ နာမည်အရင်းက တေးဆုဝေ ပါ”

“လူတင်မကဘူးနော် နာမည်လေးကလဲ လှတာပဲ”

ဒီကောင်မလေး ဘဝမှာဒါမျိုးတွေ အများကြီး ပြောခံနေရလို့လားမသိ၊ သိပ်တော့ ရှက်သွားတဲ့ပုံ မပေါက်ဘူး။ ကျွန်တော်က ဆေးရုံကုတင်ပေါ်မှာ သူက ဘေးမှာထိုင်ရင်း စကားပြောနေကြတာပါ။ သူ့အဖေကတော့ မရှိတော့ဘူး၊ ဆေးရုံကိစ္စ လိုက်လုပ်နေတယ်ထင်တယ်။ ကျွန်တော့အဖေနဲ့ အမေကလဲ သူ့အဖေက ပြီးရင် အိမ်တိုင်ယာရောက် ပြန်ပို့ပေးမယ်လို့ ကတိပေးလိုက်တော့ ပြန်သွားကြတယ်။ ယောက္ခထီးလက် စိတ်ချလက်ချ အပ်ခဲ့ကြသလိုပဲ။

“သူ့ နာမည်ကရော၊​ စောစောက လင်းထက်လို့ ကြားလိုက်တယ်”

“နာမည်အပြည့်အစုံက လင်းထက်ကျော်ပါ”

“အော် သူ့နာမည်ကလဲ အလင်းထက်တောင် ကျော်သေးတယ် ဆိုပါလား”

အမယ် ဒီကောင်မလေး မဆိုးဘူး၊ ကျွန်တော့နာမည်ကို နောက်ပြီး ပြုံးစိစိ လုပ်နေသေးတယ်။ ကျွန်တော်ကလဲ ငရွတ်ဆိုတော့ ဘာရမလဲ

“ဟုတ်တယ် တကယ်တော့ နာမည်ပြောင်းချင်နေတာ မင်းထက်လင်း ဆိုပြီးတော့၊​​ ဒါမှ ပိုလင်းကြောင်း သိမှာ”

“ခ်ခ်ခ်”

ပါးစပ်ကို လက်လေးနဲ့ အုပ်ပြီး ဆုဝေက ရယ်လိုက်တော့ ကျွန်တော် အသဲယားသွားတယ်။

“နောက်ဆို ပါးစပ်ကို အုပ်ပြီး မရယ်ပါနဲ့”

“ဘာလို့လဲ”

“ဆုဝေရဲ့ နှုတ်ခမ်းလေးနဲ့ သွားတက်လေးက ရယ်နေရင် အရမ်းလှလို့ပေါ့”

ကောင်မလေး နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တယ်၊ ကျွန်တော့ ပစ်ချက် ထိသွားပုံရတယ်။

“သူလဲ ခန့်ပါတယ်နော်”

ပြောလို့ ပြောတာမဟုတ်ဘူး၊ ကျွန်တော်ကလဲ ရုပ်မချောရင်တောင် အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်တော့ ရှိပါတယ်။ ကျွန်တော်လဲ အခွင့်အရေးကို အရ ဆုပ်ကိုင်လိုက်တယ်။

“ဟားဟား အဲလိုပြောလို့ မုန့်ကျွေးမယ်၊ နောက်နေ့ကျရင် —----- ဆိုင်မှာ တွေ့ကြမယ်လေ၊ ဘယ်လိုလဲ”

“ဘာလဲ ဒိတ်နေတာလား”

“အဲလိုတော့လဲ မဟုတ်သေးပါဘူး၊ နောက်တော့လဲ ဟုတ်ရင် ဟုတ်မှာပေါ့”

“အမယ် ကြိုတင်ဘွတ်ကင် တင်ထားတာပေါ့”

“တိုကင်ရော ယူရဦးမလား”

“ယူရမှာပေါ့ အရှေ့မှာ တိုကင်တွေ အများကြီးပဲ”

ဆုဝေစကားကြောင့် ကျွန်တော့ မျက်နှာ နည်းနည်းညိုသွားတယ် ထင်တယ်၊ ဆုဝေက ကျွန်တော့ကို မကြည့်ဘဲ ခေါင်းလေးငုံ အင်္ကျီလေးကို လက်နဲ့ချေရင်း ခပ်တိုးတိုးပြောလိုက်တယ်။

“ဒါပေမယ့် ဆုဝေက နောက်ဆုံးကနေ စချင်တယ်” တဲ့

ဒီလိုနဲ့ပဲ နောက်နေ့ နောက်နေ့တွေကနေ ကျွန်တော်နဲ့ ဆုဝေတို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

ဆုဝေက ကျွန်တော့ကို “လင်း” လို့ခေါ်တယ်။

ကျွန်တော်ကတော့ ဆုဝေလို့ပဲ ခေါ်တယ်။

ဆုဝေက ကျွန်တော်နဲ့ အသက်အတူတူပဲ၊ ၂၀ ကျော်ပေါ့၊ ဒါပေမယ့် ငယ်ငယ်ကတည်းက ကလေးလို အချစ်ခံခဲ့ရတော့ နည်းနည်းငယ်သလိုဖြစ်နေပြီး ကလေးဆန်တယ်၊ လပိုင်းလောက်ပဲ ငယ်ပေမယ့် ကျွန်တော့ကို ကလေးတစ်ယောက်လို ချွဲတတ်တယ်။ ကျွန်တော်ကလဲ ဆုဝေကို ကလေးလိုပဲ ဂရုစိုက်ပေးတတ်တယ်။ တွဲကြည့်မှ သိလိုက်ရတာက ဆုဝေက တော်တော်ပွင့်လင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာပဲ၊ သူ့အိမ်က အကြောင်းတွေ ပွင့်ပွင့်လင်းလင်း ပြောပြတယ်၊ သူ့အမေက သူငယ်ငယ်ကတည်းက အိမ်က ထွက်သွားပြီး ပြန်မလာတော့တဲ့အကြောင်း၊ သူ့ကို ပစ်သွားလို့ အမေ့ကို မုန်းတဲ့အကြောင်း၊ အဖေကပဲ အမေလိုရော အဖေလိုပါ စောင့်ရှောက်ခဲ့တဲ့အကြောင်း၊ မိထွေးနဲ့ မနေစေချင်လို့ နောက်မိန်းမမယူဘဲ နေခဲ့တဲ့အကြောင်း အကုန်လုံးကို ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ရှာတယ်။ နောက်ဆုံး သူမမှာ Period မမှန်တဲ့ ရောဂါရှိတဲ့အကြောင်း၊ အဲ့ကြောင့် ဆေးသောက်နေရကြောင်းတွေ အကုန်ပဲ။

သမီးရည်းစား ဖြစ်သွားပြီဆိုတော့ သမီးရည်းစားသဘာဝ ဟိုဟိုဒီဒီသွားကြတာပေါ့။ ကျွန်တော်တို့ မြို့လေးက ကျဉ်းတော့ အရမ်းကြီးတော့ လျှောက်သွားလို့ မရဘူး။ ဆုဝေအိမ်က သိသွားရင် ပြဿနာတွေ တက်ပြီး အပြင်ထွက်ခွင့် ပိတ်ခံရမှာ စိုးရိမ်ရလို့။

အများစုသွားဖြစ်တာက ကျောင်းထဲဘက်က လူရှင်းတဲ့ ထိုင်နေကျ Tea House တစ်ခုရယ်၊ ကျွန်တော်တို့မြို့က ပန်းခြံရယ်၊ အင်တာနက်ဆိုင်တစ်ဆိုင်ရယ် ဒါပဲ။ ဆုဝေက အိမ်မှာ home internet တပ်ထားတဲ့အထိ ချမ်းသာပေမယ့် ကျွန်တော်နဲ့ အတူတူ အင်တာနက် သုံးချင်တော့ ဆိုင်မှာ လိုက်သုံးတတ်တယ်။

ဆိုင်တွေကတော့ လူရှင်းတယ်ဆိုပေမယ့် အလစ်မှာ ပါးခိုးနမ်းတာလောက်ကလွဲရင် ဘာမှလုပ်မရဘူး။ ကျွန်တော်တို့လဲ ပန်းခြံထဲရောက်ရင် နှုတ်ခမ်း နည်းနည်းနမ်း ပါးနည်းနည်းနမ်းတာလောက်က လွဲရင် ဘာမှ မလုပ်ဖြစ်သေးဘူးဆိုပါတော့။ ဒီလိုနဲ့ပဲ လည်ရင်း ပတ်ရင်း မတွေ့ရတဲ့ ရက်တွေမှာ လွမ်းရင်း ချစ်သူသက်တမ်း ၁ လပြည့် Monthiversary ရောက်လာရော။

အဲဒီနေ့မှာပဲ ကျွန်တော်တို့ relationship နောက်တစ်ဆင့်ကို ရောက်သွားတော့တာပါပဲ။